The Girl Who Escaped: The Kara Robinson Story

Release date : 2023-02-11

Production country :
United States of America

Production company :
Marwar Junction Productions

Durasi : 88 Min.

Popularity : 6

7.20

Total Vote : 99

ဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ပြန်ပေးဆွဲမုဒိန်းကျင့်ခံရတာကနေ လွတ်မြောက်လာခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးတစ်ယောက် အကြောင်းပါ ဒီဖြစ်ရပ်မှာ ကံကောင်းတာတွေ ကယ်တင်ရှင်တွေမပါပါဘူး ကာရာဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြုံတွေ့ရတဲ့အန္တရာယ်ကို ခေါင်းအေးအေးထားရင်ဆိုင်ကာ လွတ်မြောက်အောင်လုပ်ခဲ့တဲ့အပြင် တရားခံလည်ပင်းကိုပါ ကြိုးကွင်းပြန်စွပ်ပေးနိုင်လောက်အောင် နေရာတွေအချက်အလက်တွေအကုန်လုံးကို မှတ်သားလာခဲ့ပုံက ပြောစမှတ်ပြုလောက်ပါတယ်။ ပြီးတော့ သူ့ရဲ့ဒီဖမ်းဆီး မုဒိမ်းကျင့်ခံရပြီး နောက်ပိုင်းကိစ္စတွေကို တည်ငြိမ်စွာရင်ဆိုင်ပုံကလဲ အတုယူဖွယ်ရာပါပဲ ခံလိုက်ရတဲ့သူတွေမှာ အပြစ်လဲမရှိ အမှားလဲမရှိပါဘူး လုပ်‌တဲ့သူတွေကသာ လူ့ဘောင်မဝင် ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်တွေပါ အဲ့ဒီတော့ ဒီဇာတ်ကားလေးကနေတစ်ဆင့် မိဘတွေရော မိန်းကလေးအရွယ်သုံးပါးလုံးရော သင်ခန်းစာယူနိုင်ကြမယ်အပြင် ဇာတ်‌လမ်းကို ရိုက်ပြထားပုံကလဲ အိုဗာတွေမပါ စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်များခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

Related Movies✨