Nightcrawler

Release date : 2014-10-23

Production country :
United States of America

Production company :
Sierra/Affinity, Bold Films

Durasi : 118 Min.

Popularity : 11

7.70

Total Vote : 11,084

မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုး​ပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ် သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး…မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ဇာတ်ရုပ်မှာဆို သူ့ရဲ့ပြူး​ကြောင်​ကြောင်မျက်လုံး ပြီတည်တည်အပြုံးနဲ့ မျက်နှာပေါက်ကိုက အဲဒီလိုဖြစ်နေတော့ ဇာတ်လမ်းကြည့်နေရင်းနဲ့တောင် သူ့ကို ထဆော်ချင်စိတ်တွေဖြစ်လာမယ် ပြီးရင် သတင်းရောင်းစားတဲ့ဈေးကွက် ဘာညာတွေကိုလည်း ကြည့်ရှုရမှာဖြစ်တော့ အခုလို ကာလလေးတွေမှာ Nightcrawler ကြည့်ပြီး Jake Gyllenhaal တစ်ယောက် ဘယ်အဆင့်ထိ ​​ကောက်ကျစ်သွားမလဲဆိုတာကိုတော့ ရုပ်ရှင်မှာပဲ ဆက်လက်ခံစားကြပါဦးလို့