Release date : 2015-10-16
Production country :
United States of America
Production company :
Cognetti Films, Marlyous' Boys
Durasi : 93 Min.
Popularity : 4
6.50
Total Vote : 524
Hell House LLC ဟာ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ Stephen Cognetti က ရိုက်ကူးတင်ဆက်ခဲ့တဲ့ Found Footage Horror Film အမျိုးအစားရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီး။၂၀၀၉ ခုနှစ်မှာ ဟောလိုးဝင်းပွဲတော်ဆင်နွှဲလိုသူများ လည်ပတ်နိုင်ဖို့အတွက် ခြောက်ခြားဖွယ် သရဲအိမ်ကြီးတစ်အိမ်ကို လူငယ်တစ်စုက နယူးယော့ခ်မြို့တော်ရဲ့အပြင်ဘက်ရှိ မြို့ငယ်တစ်မြို့မှာ ဖန်တီးခဲ့ကြပါတယ်။ ထိုနေရာကတော့အစွန့်ပစ်ခံ အက်ဘဒန်ဟိုတယ်ဟောင်း ဖြစ်ပြီး သူတို့ရဲ့ ခြောက်ခြားဖွယ်ဂေဟာကြီးကို ငရဲအိမ် (Hell House) လို့ အမည်ပေးထားကြပါတယ်။ လူငယ်များရဲ့အင်အားနဲ့ ကြိုးစားပမ်းစားဖန်တီးခဲ့ကြသော်လည်း ဖွင့်ပွဲနေ့မှာပင် လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့သော ကြေကွဲဖွယ် အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပါတော့တယ်။ထိုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘာများ ရှိနေလိမ့်မလဲ၊ လူအများစုထင်ထားသလိုစက်ပစ္စည်းချွတ်ယွင်းမှုကြောင့်များလား၊ ထိုဖြစ်ရပ်ဆိုးဟာ အက်ဘဒန်ဟိုတယ်ဟောင်းရဲ့ သမိုင်းကြောင်းနဲ့များ ပတ်သက်နေမလား စသဖြင့် ဖုံးကွယ်ထားတဲ့ဗဟေဠိကို documentary ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကြည့်ရင်းအဖြေညှိလိုက်ကြပါစို့။
Related Movies✨

1990

1991

1992

2009

2014

2018

1971

1993

1966

1949

1958
