Release date : 2022-11-17
Production country :
Italy, United States of America
Production company :
Iervolino & Lady Bacardi Entertainment, Grindstone Entertainment Group, Lambofilm, Zian Films
Durasi : 97 Min.
Popularity : 6
6.40
Total Vote : 639
လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့စိုက်ပျိုး ရေးကို မလုပ်ကိုင်လိုပဲထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ကြိုးစား ကြရင်း အခက်အခဲတွေကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်က လည်းလန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင် ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါ ဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။
Related Movies✨

2014

2014

1987

2023

2021

2018

2002

2004

1990
