Release date : 2021-10-25
Production country :
Australia, Canada, New Zealand, United Kingdom
Production company :
Bad Girl Creek, BBC Film, Cross City Films, Max Films, Brightstar, See-Saw Films, Fulcrum Media Finance, Transmission Films, Beech River Holdings
Durasi : 127 Min.
Popularity : 3
6.77
Total Vote : 2,762
ဖေးလ်နဲ့ ဂျော့တို့က မိဘရဲ့လက်ငုပ်လက်ရင်း မွေးမြူရေးခြံကြီးကိုပိုင်ထားပြီးတော့ အင်မတန်မှလည်းအောင်မြင်ပါတယ်။ ဖေးလ်ကိုယ်တိုင်ကလည်း သန်မာပြီးတော့ သူကဒါကိုဂုဏ်ယူလေ့ရှိပါတယ်။ တွယ်တာစရာ ညီအစ်ကို နှစ်ယောက်တည်းရှိလေတော့ တစ်ကုတင်တည်းတောင် အိပ်ကြပါတယ်။ ရိုစ့်ကတော့ စားသောက်ဆိုင်နဲ့တည်းခိုခန်းတွဲရက်ဖွင့်ထားတဲ့ ဆိုင်လေးတစ်ဆိုက်ကို ပိုင်ပြီး ပီတာဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်၊ ရိုစ့်ရဲ့ယောက်ျားတော့ဆွဲကြိုးချသေသွားသူပါ။ ဒီလိုနဲ့ ဖေးလ်အစ်ကို ဂျော့တို့နဲ့ ဆုံမိကြပြီး ဂျော့က ချစ်သွားတဲ့အတွက်မင်္ဂလာဆောင်လိုက်ပါရော။ ဖေးလကတော့ လုံးဝအမြင်မကြည်တော့ပါဘူး၊ ရိုစ့်ရဲ့သား ပီတာကို အခြောက်ကလေးလို့ခေါ်နေကျဖြစ်ပြီး တူတော်လာရလေတော့ တော်တော်လည်းစိတ် ပျက်နေတဲ့ပုံပါ။ သို့ပေမဲ့ ဖေးလ်က အရမ်းလျို့ဝှက်လွန်းပြီး သူ့လျို့ဝှက်ချက်တွေကို ပီတာသိသွားတဲ့အခါမှာတော့ ဖေးလ်နဲ့ ပီတာရဲ့ ဆက်ဆံရေးက ရင်လိုမဟုတ်တော့ပါဘူး။ သောမတ်စ် ဆားဗေစ့်ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဂန္တဝင်တွေကို သဘောကျတဲ့သူတွေ နှစ်ခြိုက်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
Related Movies✨

2013

1998

2021

2025

2023

1927

2003

2004

2004

1979

2005
