Release date : 2022-12-02
Production country :
United States of America
Production company :
Westbrook, McFarland Entertainment, Escape Artists, Apple Studios
Durasi : 132 Min.
Popularity : 5
7.77
Total Vote : 1,166
ဇာတ်လမ်းက လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှအလုပ်သမားတွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှုတွေကြားက လင်ကွန်းရဲ့Native Guard(လူမည်းတပ်)ရှိရာ ဘေတန်ရုဂ်မြို့ကို ထွက်ပြေးဖို့ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။နွံအိုင်ပတ်လည် ဝိုင်းနေတဲ့ စခန်းဖြစ်သလို ထွက်ပြေးသူတွေရှိရင်လိုက်ဖမ်းဖို့ မြင်းစီးမုဆိုးတွေနဲ့အမဲလိုက်ခွေးတွေပါ အသင့်ရှိနေလို့လွတ်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့နေရာမျိုးပါ။ ဒီလိုနေရာကနေ”သေမြေကြီး ရှင်ရွှေထီး”ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှထွက်ပြေးလာပါတော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်ပြေးမြင်မိပါသေးတယ်။ ရှေ့ကပြေးသူနဲ့နောက်ကလိုက်သူ မုဆိုးတွေကြားကအားပြိုင်မှုတွေ၊ နွံအိုင်ကြီးတွေနဲ့ မမြင်ရတဲ့အန္တရာယ်ပေါင်းများစွာ၊သားရဲပေါင်းများစွာကြားက အသက်ဘေးလွတ်အောင် ရုန်းကန်ပုံတွေက အတော်လေး survivalဆန်ပါတယ်။ ဒါမျိုး vibeတွေကိုကြိုက်သူတွေအတွက် Apple+ ကနေ setting ကောင်းကောင်းနဲ့ရှယ်ကိုတင်ဆက်ပေးထားလို့ Will Smith ရဲ့ ပရိသတ်တွေရော၊အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူတွေပါ မနောခွေ့ကြမှာပါ။
Related Movies✨

1979

1987

1990

2014

2022

1995

1989

1999

2024

1989

1975
