Release date : 2022-09-16

Production country :
Canada, United States of America

Production company :
TriStar Pictures, JuVee Productions, Entertainment One, Welle Entertainment, TSG Entertainment II

Durasi : 135 Min.

Popularity : 6

7.67

Total Vote : 2,171

ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာတွေကိုအိုယို အင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲ အဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင်လူ ပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။