Release date : 2022-10-07
Production country :
India, Italy, United States of America
Production company :
We Do It Together, Samuel Goldwyn Films, Iervolino & Lady Bacardi Entertainment, WOWOW
Durasi : 112 Min.
Popularity : 1
4.20
Total Vote : 25
Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေက ပြောပြထားတဲ့ ဇာတ်လမ်းတို ခုနှစ်ခုပေါင်းစပ်ထားတဲ့ ဇာတ်ကားပါ။ အမျိုးသမီးတွေ ပြောပြထားပေမယ့် အမျိုးသမီးတွေ အတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူ အားလုံးအတွက် ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေ ပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာ ရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလည်း ဒီနိုင်ငံတွေက အစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံက အမျိုးသမီးတွေရင်ဆိုင်ရတဲ့ အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရ ရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ ဒီအခက်အခဲတွေကို ကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ ထိထိမိမိဖော်ကျူးထားပါတယ်။