Release date : 2022-11-21
Production country :
South Korea
Production company :
Twin Plus Partners, Crank-Up Film, Zurty Studios
Durasi : 138 Min.
Popularity : 1
7.40
Total Vote : 113
အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ဆိုဟီးလို ရွေးစရာမရှိတဲ့ ကလေးတွေအကုန် ဒီလမ်းပဲ သွားကြရတာပဲ။ လူ့စနစ်ကြီးကတော့ ဒီလိုအခြေအနေကို သည်းညည်းခံပြီး ကျော်ဖြတ်ပြီး အိပ်မက်တွေဖြစ်လာရင်ဖြစ်လာ မဖြစ်လာရင်လည်း ဒီလိုလူကြီးတစ်ယောက်ပဲဖြစ်လာဖို့ဆီ ဦးတည်ထားလားပဲ။ ဆိုဟီးကတော့ တတ်နိုင်သလောက် သည်းညည်းခံပေမဲ့ လူငယ်ဆိုတော့ ဒီလိုပဲ ပေါက်ကွဲထွက်သွားတယ်။ ပိုဆိုးတာကတော့ လူကြီးဆိုတဲ့ လူတွေဟာ သူ့ဟန်ကိုယ်ဖို့ လူကြားကောင်းဖို့နဲ့ သူတို့အချင်းချင်းကြားက ဆက်ဆံရေး မပျက်ဆီးသွားဖို့ ပြဿနာရဲ့အဖြေကို လူငယ်တွေရဲ့ ဆိုးကွက်တွေကိုပဲ ဖိနင်းပြောချပစ်ကြမှာပဲ။ ဆိုဟီးလည်းပဲ ဒီလိုအခြေအနေကို ကြုံခဲ့ရတယ်။ အိပ်မက်ကို လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ မရွေးသင့်တဲ့လမ်းကို ရွေးမိသွားတယ်။
Related Movies✨

2003

2002

2006

2002

2000

1930

2005

2022

2016

2001

2002
