極主夫道

Release date : 2023-01-01

Production country :
Japan

Production company :
Netflix

Durasi : 48 Min.

Popularity : 20.6514

8.40

Total Vote : 451

မြေအောက်လောကမှာ နှစ်တော်တော်ကြာ ကျင်လည်ခဲ့တဲ့ ယာကူဇာဘော့စ် တစ်ယောက် ဒုစရိုက်လောကကနေ အနားယူလိုက်ပြီးတဲ့နောက်မှာတော့ အိမ်ထောင်ကျပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာပါတော့တယ်။ အိမ်ရှင်ထီး ဘဝက အလွဲတွေ၊ ဟာသတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတာကြောင့် စိတ်ညစ်စရာကာလမှာ တစ်ခါလောက်ပြုံးချင်ကြတဲ့လူတွေတော့ အကြိုက်တွေ့ကြမှာပါ။ P.S ဒီAnimeကို Animeဖန်အများစုကတော့ မန်ဂါနဲ့ယှဉ်ပြီး သိပ်အကြိုက်မတွေ့ပါဘူး။ Animeတစ်ခုအနေနဲ့ ကြည့်ကြမယ့်လူတွေအတွက်တော့ မပြေလှပါဘူး။ ဒါပေမဲ့ ဒီAnimeဟာ ကျွန်တော်တို့ကို တစ်ခါမကတော့ပြုံးစေမှာပါ။ ကျွန်တော့်အနေနဲ့ အာမခံလို့ရတာကတော့ ဒီဇာတ်လမ်း‌လေးဟာ အရင်က အကြည်တော်၀တ္တုတွေလို ရယ်ရပြီး ဒီရုပ်ရှင်ထဲက မိခုနဲ့တဆုအတွဲကလေးဟာ လက်တွေ့ဘ၀‌အတွဲတွေလို အလွဲကလေးတွေနဲ့ သိပ်ချစ်စရာကောင်းပါတယ်။ ငိုရတာတွေကို ကျော်ဖြတ်ဖို့ ပြုံးရမှာတွေလည်း ရှိဖို့လိုတယ်မလား။ ဒီဇာတ်လမ်းဟာ မိတ်ဆွေငွေပေး၀ယ်လို့မရတဲ့ အပြုံးတွေကို ပေးစွမ်းနိုင်မှာပါ။