Release date : 2022-09-21
Production country :
United States of America
Production company :
Netflix
Durasi : 48 Min.
Popularity : 41.6465
7.99
Total Vote : 2674
ဂျက်ဖရေး ဒါးမား… ဝစ္စကွန်ဆင်ပြည်နယ် မီလ်ဝေါကီးမြို့က ရူပါသန့်သန့် ရွှေအိုရောင်ဆံပင်ရှည်နဲ့ လူချောတစ်ယောက်ပေါ့။ လူပုံစံကပျော့တိပျော့ဖတ်နဲ့ အားမရှိတဲ့ပုံဖြစ်နေတဲ့ ကောင်လေးတစ်ယောက်က လိင်တူစိတ်ဝင်စားသူဖြစ်သလို အဖော်အချွတ် ဓါတ်ပုံတွေရိုက်ကူးရတာ ဝါသနာကြီးတာကြောင့် အနီးအနားက အရက်ဘားကိုသွားပြီး ကိုယ်ဟန်ပြမော်ဒယ်ရှာလေ့ရှိသူပါ။တစ်ရက်မှာတော့ ထရေစီဆိုတဲ့ လူမည်းကောင်လေးတစ်ယောက် ဂျက်ဖ်ရဲ့စကားပြောကောင်းမှုနဲ့အတူ ဓါတ်ပုံရိုက်ခံဖို့ သူ့တိုက်ခန်းကို ပါသွားခဲ့ပါတယ်။ တိုက်ခန်းထဲကို ရောက်တဲ့အချိန်မှ ဂျက်ဖ်ရဲ့ မူမမှန်မှုတွေကို အခါနှောင်းမှ ရိပ်စားခဲ့မိပေမယ့် သေကံမပါခဲ့လို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကင်းလှည့်ရဲကားနဲ့မှ တည့်တည့်တိုးကာ တိုင်ကြားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဂျက်ဖ်တစ်ယောက်ဟာ သားကောင်အရွေးမှားမှုကြောင့် သူ နှစ်ရှည်လများကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို အထုပ်နဲ့အထည်နဲ့ ချပြလျက်သား ဖြစ်ပြီး အဖမ်းခံလိုက်ရပါတော့တယ်။
Related Movies✨

1978

2008

1979

1992

2013

1977

1977

2022

1998

1991
