Criminal Code

Release date : 2025-06-04

Production country :
Brazil

Production company :
Netflix

Durasi : 48 Min.

Popularity : 47.3729

7.60

Total Vote : 100

နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့ လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့ အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလုအယက်နဲ့ပါပဲ။ ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆိုလို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင်ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာခဲ့ပါပြီ။ ဖြစ်ရပ်မှန်စီးရီးတစ်ခုဖြစ်တာကြောင့် ဒီအမှုကို လိုက်စဉ်မှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ၊ လျှို့ဝှက်မစ်ရှင်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။

Related Movies✨