Yellowstone

Release date : 2024-12-15

Production country :
United States of America

Production company :
Paramount Network

Durasi : 48 Min.

Popularity : 78.865

8.30

Total Vote : 2767

အ​မေရိကန်ရဲ့အကြီးဆုံး ​မွေးမြူ​ရေးခြံဖြစ်တဲ့ မွန်တားနားပြည်နယ် ရဲလိုးစတုန်းမ်ခြံကြီးရဲ့ ပိုင်ရှင် ဒပ်တန်မိသားစု​အ​ကြောင်းကို အသား​ပေးထားတာ ဖြစ်ပါတယ်။ မိသားစုရဲ့အိမ်​​​ထောင်ဦးစီးဖြစ်တဲ့ ဂျွန်ဒပ်တန်ဟာ သူပိုင်တဲ့ခြံကြီးကို ဦးစီးရင်းခြစားမှု​တွေနဲ့လက်ဝါးချင်းရိုက်​နေတဲ့ နိုင်ငံ​ရေးသမား​​တွေနဲ့ ​ဒေသခံသစ်လုပ်ငန်းရှင်​တွေ ကန်ထရိုက်လုပ်ငန်းရှင်​​တွေ၊ မြို့ပြတိုးချဲ့​ရေးအ​ကြောင်းပြ ပြည်သူပိုင်သိမ်းယူလိုမှု​တွေ၊ နယ်​မြေချင်းဆက်​​နေတဲ့အင်ဒီးယန်း​တွေနဲ့ကာလရှည်မသင့်မြတ်​မှုတွေ၊ မိသားစုပဋိပက္ခ​တွေကြားထဲက ခြံကြီးကို မဆုံးရှုံးရ​အောင် ကြိုးစားထိန်းသိမ်းပုံ​တွေကိုကြည့်ရှူရမှာပါ။ဒီစီးရီးဟာ ​ကောင်းဘွိုင်ဇာတ်တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံ​ရေးနဲ့စီးပွား​ရေး၊ ဥပ​ဒေ​ရေးရာ အားပြိုင်မှု​တွေ၊ ​တစ်ဘက်နဲ့တစ်ဘက်ရဲ့​ခေါင်းတုံး​ပေါ် ထိပ်ကွက်မှု​တွေ၊ လျင်သူစား​ကြေး ဉာဏ်ရည်ချင်းအားပြိုင်မှု​၊ လက်ရုံးချင်းအားပြိုင်မှု စသဖြင့် ရသမျိုးစုံပေးနိုင်တဲ့စီးရီးဖြစ်ပြီး ဇာတ်လမ်းတင်ဆက်ပုံကလည်း အ​တော်ကြမ်းတာမို့​ကောင်းဘွိုင်series ကြိုက်သူ​တွေအတွက် တ​မျှော်​မျှော်ဖြစ်​စေမဲ့Seriesပဲဖြစ်ပါတယ်။